Sunday, November 1, 2009

မယ့် ချစ်သူ

အသားညို ရင်အုပ်ကားနဲ့
မယ့်ချစ်သူ လယ်သမား
တံတားဆောက် လမ်းပြင်
ပေါင်းသင်ကာ မြေညှိ
ရပ်အသွင် ရွာ့အရေး
သန့်ရှင်းပါဘိ။

အချိန်ပိုမလပ်အား
မယ့်ချစ်သူ လူညိုယဉ်
လယ်တောကိုဝင်
မိုးမှာတော့ ကောက်ပင်
နွေဝင်ရင်နှမ်းပဲ
တလှည့်စီ ချိန်မှန်စိုက်
သီးငိုက်ပြုတ်ခဲ။